Gold Channel မှကြိုဆိုပါတယ် ရွှင်လန်းချမ်းမြေ့ကြပါစေ

True Legend (2010)



IMDb 6.4 ရထားပြီး တိုက်ခိုက်ခန်းတွေ များများပါတဲ့ ဇာတ်ကားတစ်ကားကို

သိုင်းကားကြိုက်ပရိတ်သတ်ကြီး အတွက်တင်ဆက်ပေးလိုက်ပါရစေ

ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားမင်းသမီးတွေက ပရိတ်သတ်ကြီး

နဲ့ သိပ်မစိမ်းလှတဲ့ မင်းသားမင်းသမီးတွေဖြစ်ပြီး

အဓိက ဇာတ်ဆောင်မင်းသားကြီးကတော့ သိုင်းလောကမုန်တိုင်း ဇာတ်လမ်းတွဲထဲက

မင်းသားကြီး ယွဲ့ဖုန်း ဖြစ်ပါတယ်

သိုင်းလောက မုန်တိုင်းဇာတ်ကားထဲကလိုပဲ ဒီကားထဲမှာလဲ ပီပီပြင်ပြင်နဲ့

သရုပ်ဆောင်သွားနိုင်တာကို ပရိတ်သတ်ကြီးက ခံစားကြည့်ရှူရမှာပါ

ဒီဇာတ်လမ်းလေးထဲမှာတော့ အတ္တတွေ မာန်မာနတွေနဲ့

လက်စားချေခြင်းရဲ့ ပူလောင်ခြင်းသဘောတရားတွေသာမကပဲ

လူ့လောက မှာ နေ့စဉ်ကြုံတွေ့နေရတဲ့ လူတွေရဲ့ သဘောသဘာဝတွေကိုပါ

မီးမောင်းထိုးပြထားပြီး အတ္တကြီးပြီး စိတ်ဖောက်ပြန်တတ်ပုံကိုလည်း

ပီပီပြင်ရိုက်ကူးပြထားတာကိုတွေ့ရပါတယ်

ဇာတ်လမ်း အကျဉ်းလေးကတော့ ဗိုလ်မှူး စုဟာ သူ့စစ်တပ်ကနေ

အနားယူပြီး မိန်းမဖြစ်သူနဲ့ အတူ ဘ၀ကို ရိုးရှင်းစွာ ဖြတ်သန်းနေသူတစ်ဦးပါ

စု ရဲ့ ယောက္ဖ နဲ့ မိန်းမကို စုရဲ့ အဖေကပဲ မွေးစားပြီး

ကျွေးမွေးစောင့်ရှောက်ခဲ့ပါတယ် ဒီလို ကျွေးမွေးစောင့်ရှောက်ခဲ့တယ်ဆိုတာကလည်း

စု ရဲ့ အဖေဟာ လူအများ အကျိုးအတွက် စု ယောက္မကြီးကို သတ်ခဲ့လို့လည်းဖြစ်ပါတယ်

ဒီလို နဲ့ အုပ်ချုပ်ရေးမှူးဖြစ်လာတဲ့ စုရဲ့ ယောက္ဖဟာ တစ်နေ့မှာ အိမ်ပြန်လာပြီး

မွေးအဖေရဲ့ သွေးကြွေးကလဲ့စားကို လှလှပပကြီး ဆပ်လိုက်တဲ့

အခါမှာတော့ ကဲ ပရိတ်သတ်ကြီးကပဲ ဆက်လက် ကြည့်ရှူလိုက်ပါတော့နော်

ဒီဇာတ်ကားကို ဘာသာပြန်ပေးတဲ့သူကတော့ Kyaw Myo Thu ပဲဖြစ်ပါတယ်ဗျ
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. YGN HD Data Sotre - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger