Gold Channel မှကြိုဆိုပါတယ် ရွှင်လန်းချမ်းမြေ့ကြပါစေ

The Red Violin (1998)

The Red Violin (1998)

၁၇ရာစုလောက်မှာ အီတလီတယောလုပ်တဲ့ပညာရှင်က ဖန်တီးထားတဲ့ တယောတလက်ရဲ့ ကာလရွေ့ လျားခြင်းနဲ့အတူ

ဖြစ်ပျက်ခဲ့ရတဲ့ စိတ်ခံစားမှုတွေ.. တယောလေးကို လိုချင်တဲ့သူတွေအမျိုးမျိုးရှိခဲ့သလို လိုချင်ခဲ့ရတဲ့ အကြောင်းရင်းတွေကလည်း မတူခဲ့ပါဘူး တချို့က အနုပညာကို နာမည်ကြီးဖို့သက်သက် အသုံးချကြတယ်….တချို့က အနုပညာကို ခံစားချက်ရမ္မက်တွေနဲ့ရောစပ်သောက်သုံးကြတယ်…

ဒီလိုကြမ်းရှတဲ့ စိတ်တွေ အဲဒီထဲကမှ အနည်းစုက တကယ့်မြတ်နိုးမှုနဲ့ တွယ်တာကြတယ် ကိုယ့်အသက်ကိုယ် မမှုပဲ ရင်ထဲကအနုပညာချစ်စိတ်ကို ဖက်တွယ်ထားတဲ့ သူတွေရဲ့ နူးညံ့မှုတွေ…

ဝမ်းနည်းမှု စိတ်တိုတွေ မြတ်နိုးစိတ် အားလုံးကို တယောတလက်ရဲ့ သံစဉ်နဲ့ ရင်ထဲ ခွဲခြားသိနိုင်စေခဲ့တဲ့ ဇာတ်ကားလေးပါ..

တူရိယာတယောတလက်လေးပါပဲ တီးခတ်သူရဲ့ စိတ်အခြေအနေအလိုက် ကိုယ်ပါ လိုက်စီးမျောနိုင်ဖို့ ဇာတ်လမ်းအသံvolumeလေးကိုတော့ မြှင့်ထားလိုက်စေချင်ပါတယ်…

ဇနီးသည်မီးတွင်းထဲမှာပဲ သေဆုံးခဲ့ရတဲ့ အီတလီတယောပညာရှင်တစ်ယောက် သူ့ရဲ့မမြင်လိုက်ရတဲ့ သားလေးအတွက် ရင်ထဲက ဖခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတွေနဲ့ ဖန်တီးထားတဲ့…

The Red Violin တယောလေးကို သုတ်ထားတဲ့ ဆေးဟာ….ဘာများဖြစ်မလဲ…(ဒီကားကိုအညွှန်းနဲ့ခံစားဘာသာပြန်ပေးထားသူကတော့ Nay Wah ပဲဖြစ်ပါတယ်)

File size…(1GB )
Quality…BluRay 720p
Format…mp4
Duration….02:10:08
Subtitle….Myanmar Subtitle (Hardsub)
Translator…Nay Wah
Encoder….Moe Myint Lwin
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. YGN HD Data Sotre - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger