Gold Channel မှကြိုဆိုပါတယ် ရွှင်လန်းချမ်းမြေ့ကြပါစေ

Mulan: Raise of a Warrior (2009)



တရုတ်အမျိုးသမီးသူရဲကောင်းတစ်ယောက်အကြောင်းကိုအခြေခံပြီးရိုက်ကူးထားတဲ့ မူလန်ကားဟာ 1998 ကထွက်ရှိထားခဲ့တဲ့ Walt Disney က Mulan Animation ကားထက်ဖန်တီးမူ့များသာလွန်လာခဲ့ပါတယ်…နေမကောင်းတဲ့နေတဲ့ဖခင်ရဲ့ကိုယ်စားအတွက် သမီးဖြစ်သူဟွားမူလန်က စစ်မှု့ထမ်းဖို့အတွက်ယောကျာင်္းလေးအယောင်ဆောင်ပြီးစစ်ထဲကိုဝင်ခဲ့ရပါတယ်…

ကိုယ်ခံအားကောင်းပြီး တိုက်ရည်ခိုက်ရည်ရှိတဲ့ မူလန်ဟာတပ်ကိုဦးဆောင်နိုင်ရုံမကပဲ တရုတ်သမိုင်းတစ်လျောက်မှာအကျော်ကြားဆုံး မိန်းကလေးစစ်သူကြီးတစ်ယောက်ဖြစ်လာခဲ့ရပါတယ်…တိုက်ပွဲတိုင်းမှာအောင်နိုင်ခဲ့ပေမယ့် ပင်ကိုယ်အခံကမိန်းကလေးဖြစ်နေသောကြောင့် သနားကြင်နာတတ်တဲ့စိတ်နဲ့အကြောက်တရားဟာ သူမအတွက်အားနည်းချက်တစ်ခုလိုဖြစ်လာခဲ့ရပါတယ်…

တစ်ခုသောတိုက်ပွဲမှာသူမအားထားရတဲ့ ညီအစ်ကိုတွေကိုဆုံးရှုံးလိုက်ရတဲ့အခါ သူမအတွက်အကြီးမားဆုံးထိုးနှက်ချက်တစ်ခုလိုဖြစ်လာခဲ့ရပါတော့တယ်…ဒီကားရဲ့ အဓိကဇာတ်ကောင် မူလန်နေရာမှာ တရုတ်နိုင်ငံရဲ့နာမည်ကြီးမင်းသမီးတစ်ဦးဖြစ်တဲ့ Zhao Wei ကသရုပ်ဆောင်ထားပါတယ်…

ဒီကားအတွက်မင်းသမီး Zhao Wei ကို

10th Changchun Film Festival : Actress Award

300th Hundred Flowers Award : Best Picture Award & Best Actress Award

19th Shanghai Film Critics Award : Best Actress Award

Vietnam DAN Movie Awards : Favorite Actress Award

တို့ကိုချီးမြှင့်ခဲ့ပါတယ်…

Vietnam DAN Movie ကပေးတဲ့ Favorite Chinese Movie Award ကို Mulan 2009 ဇာတ်ကားကပဲရရှိခဲ့ပါတယ်….Rating 6.8 ရရှိထားပြီး တရုတ်နိုင်ငံအမျိုးသမီးစစ်သူကြီးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတဲ့ Mulan 2009 ဟာတရုတ်ပြည်သူများအပြင်တခြားနိုင်ငံကလူများကပါ အထူးနှစ်သက်ခဲ့ကြတဲ့တရုတ်အက်ရှင်ကားကောင်းတစ်ခုအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်….
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. YGN HD Data Sotre - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger