Gold Channel မှကြိုဆိုပါတယ် ရွှင်လန်းချမ်းမြေ့ကြပါစေ

Nine Lives (2016)



နာမည်ကျော် သူဌေးကြီး တွမ်ဘရန့် ဟာ သူ့မြို့မှာ အထပ်အမြင့်ဆုံး အဆောက်အဦးတစ်ခုကို တည်ဆောက်ပြီး

မှတ်တမ်းဝင်နိုင်ဖို့ လုပ်နေပါတယ် ဒါပေမယ့် သူ့သမီးလေး မွေးနေ့ကိုလဲ မေ့နေပြန်တဲ့ အလွန်အလုပ်များတဲ့ သူတစ်ဦးပါ…

တွမ် မှာ ပထမ အိမ်ထောင်ရှိခဲ့ပြီး သားတစ်ယောက် ရှိပြီး ထိုသားဖြစ်သူ ဒေးဗစ် မှာလဲ ဖခင် ၏ အသိအမှတ်မပြုခံရတဲ့အပြင်

ဖခင် အား မြင်ချင်တွေ့ချင်သဖြင့် ဖခင် ၏ အလုပ်တွင် ၀န်ထမ်းလာလုပ်နေရသူ ဖြစ်ပါတယ်…

မိသားစု အား အမြဲလိုလို အချိန်ပေးဖို့ မစဉ်းစားပဲ မိမိ အလုပ်ကိုသာ ဦးစားပေးတက်သော တွမ် ၏ ဒုတိယ အိမ်ထောင်တွင်

ရရှိထားသော သမီးဖြစ်သူ ရေဗက္ကာ သည် အထီးကျန်နေသော သူမ အတွက် ကြောင်ကလေး တစ်ကောင် ပူဆာသဖြင့်

ကြောင်မုန်းလှသော တွမ် တစ်ယောက် လမ်းဘေး ချောင်ကြိုချောင်ကြား တစ်ခု မှ မစ်စတာ ပါကာ ၏ ကြောင်သီးသန့် ရောင်းသော

ဆိုင်သို့ ရောက်ရှိသွားပြီး ကြောင်လေးတစ်ကောင်ကို ၀ယ်ယူလိုက်ပါတယ်…

ထိုဝယ်ယူလိုက်သော နေ့မှာပဲ တွမ် တစ်ယောက် ကံဆိုးမိုးမှောင်ကျကာ သူ ပြိုင်ဆိုင် ဆောက်နေသော အထပ်အမြင့်တိုက်ပေါ်မှ ပြုတ်ကျကာ

မသေရုံတမယ် မေ့မျှောသွားပါတော့တယ်…

သူပြန်သတိရလာသော အခါတွင်တော့ သူဌေးကြီး တွမ်ဘရန့် မဟုတ်တော့ပဲ သူ့သမီးကို လက်ဆောင်ပေးရန် ၀ယ်ယူလာသော

ကြောင်လေး တစ်ကောင်သာ ဖြစ်သွားခဲ့သောအခါ…..

ဒီ ဟာသ ဇတ်ကားကို ဘာသာပြန်ပေးထားသူကတော့ Channel Myanmar Translator ဖြစ်သူ Tariq L Walker ပဲ ဖြစ်ပါတယ်..
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. YGN HD Data Sotre - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger