Gold Channel မှကြိုဆိုပါတယ် ရွှင်လန်းချမ်းမြေ့ကြပါစေ

The autopsy of Jane Doe(2016)



>>>''The Autopsy of Jane Doe ''<<

အေးချမ်းတဲ့ ညနေခင်း တစ်ခုမှာ တစ်မိသားစုလုံး အသတ်ခံရတဲ့ Case တစ်ခုကြောင့် ရဲမှုး Sheldon နဲ့ အဖွဲ့ဟာ အခင်းဖြစ်ပွားခဲ့တဲ့ နေအိမ်ကို စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ရင်း တစ်မိသားစုလုံး ထူးဆန်းစွာ ရက်ရက်စက်စက် အသတ်ခံရပုံကို အံ့သြစွာ လေ့လာနေမိကြပါတယ်..

တစ်အိမ်လုံး မိသားစုဝင်တွေရဲ့ အလောင်းတွေ ကြမ်းပြင်ကော နံရံတွေမှာပါ သွေးတွေနဲ့ ပြည့်နှက်နေတဲ့ မြင်ကွင်းတစ်ခုကို ကြည့်ပြီး စိတ်မသက်မသာ ဖြစ်နေတဲ့ ရဲမှူး Sheldon လည်း အခင်းဖြစ်ပွားပုံကို ကြည့်ပြီး ဝေခွဲမရဖြစ်နေပါတော့တယ်..

ပိုပြီးထူးဆန်းတာကတော့ မြေအောက်ခန်းထဲက မြေကြီးကို တူးပြီး ခန္ဓာကိုယ်ကို တစ်ဝက်လောက် မြုပ်ခံထားရတဲ့ (မြေမြုပ်ပစ်ဖို့ ကြိုးစားထားတာပါ) ခပ်ချောချော ကောင်မလေး တစ်ယောက်ရဲ့ အလောင်းက ပဟေဠိမြောက်များစွာ ဖြစ်ပေါ်လာပြန်ပါတော့တယ်..

ဒီကောင်မလေးက ဘယ်သူလဲ..? ဘယ်ကလဲ..? ဘာကြောင့် ဒီမြေအောက်ခန်းထဲ ရောက်နေခဲ့တာလဲ..?
သူမ ဘယ်သူမှန်း မသိသေးတဲ့အတွက် ရဲမှုး Sheldon ကိုယ်တိုင် Jane Doe ဟု အမည်သတ်မှတ်လိုက်ပါတယ်..

တစ်မိသားစုလုံး အသတ်ခံရပုံကို ကြည့်ပြီး လေ့လာမိသလောက် တစ်စုံတစ်ယောက်က အိမ်ကို ချိုးဖြတ်ဝင်ရောက်ပြီး တစ်မိသားစုလုံးကို သတ်သွားတာဆိုရင်ကော?? ဒါလည်း မဖြစ်နိုင်ပါ.. ချိုးဖြတ် ဝင်ရောက်ထားတာလဲ မရှိသလို ဝင်လုသွားတဲ့ လက္ခဏာမျိုးလည်း မဟုတ်ပြန်.. ဒါဆို အချင်းချင်းသတ်ခဲ့ ကြတာလားး? အခင်းဖြစ်ပုံအရတော့ တစ်မိသားစုလုံး လွတ်မြောက်ဖို့ ကြိုးစားခဲ့ကြပုံပါ..

--------------------

Tilden မိသားစု မျိုးဆက် သုံးဆက်လုံး လက်ဆင့်ကမ်း ပိုင်ဆိုင်ခဲ့တဲ့ 'TILDEN' ရင်ခွဲရုံဟာ မှုခင်းတွေနဲ့
ပတ်သက်ပြီး အမည်မဖော်နိုင်တဲ့ သေဆုံးမှုတွေအတွက် ဆေးသိပ္ပံနည်းပညာနဲ့ သေဆုံးပုံကို ခွဲစိတ်လေ့လာ ပေးရတဲ့ နေရာတစ်ခုပါ.. အဖေမှသား တစ်ဆင့်စီ လက်ဆင့်ကမ်း ပညာအမွေ ပေးရင်း ရိုးရာကို ဆက်ထိန်းသိမ်းဖို့ Tommy တစ်ယောက် ကြိုးစားနေပေမဲ့ သားဖြစ်သူ Austin ကတော့ မတတ်သာလို့ လုပ်နေရတဲ့ အခြေအနေပါ အလောင်းတွေထည့်ထားတဲ့ အအေးခန်းတွေ ရင်ခွဲပြီး လေ့လာနေရတဲ့ အလောင်းတွေဟာ Tilden တို့အတွက် ရိုးနေပြီဖြစ်ပေမဲ့ သာမန်လူတွေ အတွက် အတော်ကျောချမ်းစရာတွေပါ..

သေဆုံးပုံကို အလွယ်တကူ အဖြေရှာလို့ မရတဲ့အတွက် ရဲမှူး Sheldon ဟာ Jane Doe လို့ အမည်ပေးထားတဲ့ ကောင်မလေးရဲ့ ဖြူဆွတ်ဆွတ်အလောင်းကို နှစ် 20 နီးပါး လက်တွဲ လုပ်ကိုင်ခဲ့တဲ့ 'TILDEN' ရင်ခွဲရုံကို ကိုယ်တိုင်ပို့ရင်း ရောက်လာပါတော့တယ်..

Media တွေကို မနက်မှာ အသိပေးဖို့အတွက် အဖြေတစ်ခုကို အသေအချာ လိုချင်နေတာပါ.. အခုအချိန်ထိ ဘာမှ သဲလွန်စ မရသလို ဘာကြောင့် အသတ်ခံရတယ်ဆိုတာ မသိရသေးတဲ့ အပြင် ဒီကောင်မလေးကကော ဘယ်သူမှန်း ဘာကြောင့်သေမှန်း မသိရသေးတဲ့အတွက် အတော်ကို စိတ်ရှုပ်နေရတဲ့ အခြေအနေမို့ Tommy ကို ဒီညအပြီးသတ် အဖြေရှာပေးဖို့ အသေအချာ မှာခဲ့ပါတယ်..

ဒဏ်ရာ အနာတရ မရှိတဲ့ အသက် ၂၀ ဝန်းကျင် Jane ရဲ့ ခန္ဓာကိုယ်ကို လေ့လာတဲ့အခါ

1- လက်ကောက်ဝတ် ခြေကျင်းဝတ်တွေ ကျိုးနေသော်လည်း ညိုမဲ ရောင်ရမ်းခြင်း မရှိခြင်း

2- မျက်ဆံများ တိမ်ဖုံးသကဲ့သို့ ပြာရီနေခြင်း

3- လျှာအဖြတ်ခံထားရခြင်း

4- ခန္ဓာကိုယ်ပြင်ပ သွေးထွက် ဒဏ်ရာမရှိခြင်း ရင်ခွဲစမ်းသပ်ချိန်တွင် သွေးများ ထွက်လာခြင်း

5- နှစ်၃၀နီးပါး ဆေးလိပ်စွဲစွဲမြဲမြဲ သောက်ခဲ့သလို အဆုပ်များ ညိုမဲ ပျက်စီးနေခြင်း

စတဲ့ အလောင်း တစ်ခုမှာ မရှိသင့်တဲ့လက္ခာတွေအပြင် ထူးဆန်းတဲ့ လက္ခဏာတွေကို တွေ့လာရတဲ့အခါ ပိုပိုပြီး ဆက်လက်လေ့လာဖို့ ဖြစ်လာပါတော့တယ်.. တကယ်တော့ Jane ရဲ့ အလောင်းကို လေ့လာရတာဟာ သေနတ်ဒဏ်ရာ မရှိတဲ့ အလောင်းတစ်ခုရဲ့ ဦးနှောက်ထဲ ကျည်ဆံရှာနေသလို အဖြစ်သာသာရယ်..

ဒါဆိုရင် Jane က ဘာကြောင့် သေဆုံးခဲ့ရတာလဲ? သေဆုံးသူ မိသားစုတွေနဲ့ကော ဘယ်လို ပတ်သက်နေသလဲ? တကယ်လို့ Jane ဟာ အလောင်းတစ်ခုထက် ပိုခဲ့မယ်ဆိုရင် အလောင်းတစ်ခု မဟုတ်ခဲ့ဘူး ဆိုရင်ကော…………

သားအဖနှစ်ယောက် ဘယ်သူမှ မသိတဲ့ Jane ရဲ့ လျှို့ဝှက်ချက်တွေကို ရှာတွေ့တဲ့ အခါမှာတော့…………

Horror Fan တွေကိုယ်တိုင် ခံစားကြည့်ရှုနိုင်ဖို့ ဇာတ်လမ်းအနည်းငယ်သာ တင်ပြပေးထားပါတယ်..
Ratings တွေလည်း အတော်ကောင်းတာမို့ ဘာတွေ ဖြစ်လာမလဲဆိုတဲ့ စိတ်နဲ့ စိတ်ဝင်တစား ကြည့်ဖြစ်မယ်ဆိုတာ အသေအချာပါပဲ..

ရုပ်ရှင်ပွဲတော် အများစုဖြစ်တဲ့
Austin Fantastic Fest 2016 ရဲ့ Horror Features အတွက် 'Best Picture'

Fantastic Fest 2016 ရဲ့ Horror Features အတွက် 'Fantastic Fest Jury Award'

Sitges - Catalonian International Film Festival 2016ရဲ့ Features Film အတွက်
'Special Prize of the Jury' နဲ့

Toronto International Film Festival 2016ရဲ့ Midnight Madness အတွက် 'People's Choice Award -' 2nd Place' တို့ကို ရရှိထားပါတယ်

US မှာတော့ Dec 21 (မနေ့က) မှ ဖြန့်ချိတာပါ..

Genre : Horror

Ratings;
IMDB : 7.1/10
Rotten Tomatoes : 85%

#MMDB_Reviews မှပြန်လည်ကူးယူဖော်ပြလိုက်ပါတယ်

Translate by Jame KKS
Encoded by Hein Min Htet
HDrip 720p
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. YGN HD Data Sotre - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger