Gold Channel မှကြိုဆိုပါတယ် ရွှင်လန်းချမ်းမြေ့ကြပါစေ

Ae Dil Hai Mushkil (2016)






IMDb 5.8 နဲ့ Time India မှာ 3.5/5 ထိရရှိထားတဲ့

အချစ် အလွမ်း ဇာတ်ကားကြီးနဲ့ မိတ်ဆက်ပေးပါရစေ

ဒါရိုက်တာကြီး Karen Johar ရဲ့ ဇာတ်ကွက်နိုင်နင်းမှုကို ခဏထား ဒီဇာတ်ကားမှာ

အဓိက သရုပ်ဆောင်ဖြစ်တဲ့ Ranbir Kapoor ရဲ့ သရုပ်ဆောင်ချက်တွေကို ချီးမွမ်းပါရစေ

အစက ရုပ်ချော၍ မင်းသားဖြစ်လာခဲ့သည် ထင်ခဲ့မိသော်လည်း ဤဇာတ်ကားတွင်တော့

အလွန်တရာ ဇာတ်ရုပ်ကျလှပေသည်

လွတ်လပ်ပေါ့ပါးသော လူငယ် အချစ်ကြီးသော လူငယ် အရွဲ့တိုက်တတ်သောစိတ် စသည်ကို

ပေါ်လွင်အောင်သရုပ်တောင်ပြသွားလေသည်

PK မင်းသမီး Anuskha ကတော့ ပြောစရာမရှိ လိုက်ဖက်ညီအောင်သရုပ်ဆောင်ပြသွားသည်

ဒီနှစ် ဘောလိဝုဒ်အကယ်ဒမီမှာတောင် Ranbir က ဒီကားနဲ့SRK က

Fan နဲ့ ယှဉ်ပြိုင်ကြမယ်တောင် ထင်မိလေ၏

တချို့ ချွင်းချင်အနေဖြင့် မိတ်ကပ် ဆံပင်တုပြုလုပ်မှုအနည်းငယ်သိသာတာ

ဘောလိဝုဒ်စံအတိုင်း ဇာတ်ဝင်သီချင်းများခြင်းက လွဲ၍ အကုန် ကောင်း၏ ကြာမြင့်လှသောအခ်ျန်

နှစ်နာရီခွဲကာလ မှာ မပျင်းအောင် ဟာသ အချို့နှင့် ဆွဲဆောင်သွားပေလိမ့်မည်

နောက် ချီးကျူးစရာမှာ ဇာတ်ညွှန်း နှင့် နောက်ခံတေးဂီတ ဇာတ်ဝင်သီချင်းများ အစပ်ဟပ် အလွန်ကောင်း၏

ကျွန်တော်အကြိုက်ဆုံး ဇာတ်ညွှန်းစာသားမှာ Ranbir မှ Sharukh ကိုမေးသောစာသား

( Ranbir-If you are wait someone who will never love to you,how’s you feel?

Sharukh -Yes,I am happy, its most wonderful thing in world,coz I love her

Ranbir-ခင်ဗျား ဟာ ခင်ဗျားကိုမချစ်တဲ့သူကို စောင့်နေရမယ်ဆိုခင်ဗျား ဘယ်လိုခံစားရမလဲ

Sharukh -အင်း ပျော်တာပေါ့ကွာအဲဒါက ကမ္ဘာပေါ်မှာ အကောင်းဆုံး အရာလေ,ဘာကြောင့်လဲဆိုတော့ ငါသူ့ကိုချစ်လို့ပဲ )

အဆုံးသတ်နေနှင့် ညွှန်းဆိုရလျှင် လူငယ်ဆန်ဆန် Romance အလွန်ကြိုက်သူများ

အနေနဲ့ ကြည့်ရှုသင့်ကြောင်း ညွှန်းဆိုပါရစေ ✌️

ဇာတ်ကား အညွှန်းကိုတော့ ကိုOak Thar Kyaw ဖြစ်ပါတယ်ဗျ

ကျေးဇူးတင်ပါတယ်
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. YGN HD Data Sotre - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger