Gold Channel မှကြိုဆိုပါတယ် ရွှင်လန်းချမ်းမြေ့ကြပါစေ

Fall in Love like a star(2015)




ဒီတခေါက်မှာတော့ series တွေပဲ နေ့တိုင်းစောင့်မျှော် ကြည့်နေရတဲ့ ပရိသတ်တွေအတွက် မရိုးရလေအောင် " Fall in Love like a star '' ဆိုတဲ့ Chinese Comedy Romance ကား လေးကို ခံစားကြရအောင်ဗျာ ... ကားနာမည်လေးအတိုင်း star တယောက် နဲ့ ချစ်မိတဲ့အခါမှာ ဘာတွေဖြစ်လာမလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ် ...

ဒီဇာတ်ကားလေးကိုတော့ Swords of Legend , အခု လက်ရှိ Ice Fantasy နဲ့အတူ hot ဖြစ်နေတဲ့ The Legend of Chusen အစရှိတဲ့ ဇာတ်လမ်းတွဲတွေထဲမှာ လူသိများလာတဲ့ မင်းသား Li Yifeng နဲ့ Painted Skin : The Resurrection နဲ့ Chinese Paladin 3 တို့မှာ လူသိများခဲ့တဲ့ မင်းသမီး Yang Mi တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ...

ဇာတ်လမ်းအကျဉ်းလေးကတော့ - Band တစ်ခုရဲ့ အလုပ်သမားသစ် ရှုရှင်းယွီ နဲ့ အကူ ထန်ရှင်းတို့နှစ်ယောက် ... အမှတ်မထင် ဆုံစည်းပြီး ခင်မင်ရင်းနှီးချစ်ကြိုက်ခဲ့ပြီးတဲ့နောက် လမ်ခွဲခဲ့ကြတယ် ... ငါးနှစ်ကြာပြီးတဲ့နောက်မှာ ရှင်းယွီဟာ Pop Music မင်းသားတစ်လက်ဖြစ်လာခဲ့တယ် ... ထန်ရှင်းကလည်း ရှင်းယွီ အလုပ်လုပ်တဲ့ ကုမ္ပဏီမှာ အေးဂျင့်တစ်ယောက် ဖြစ်လာခဲ့တယ် .... ကံတရားအရ သူတို့ပြန်ဆုံခဲ့ပြီးတော့ အလုပ်အတူတွဲလုပ်ဖို့ အကြောင်းဖန်လာတော့တဲ့အခါ .... သူတို့ရဲ့လက်ရှိ အခြေအနေတွေက သူတို့ကို ဝေးကွာစေပြန်တယ် .... သူတို့နှစ်ယောက် အတိတ်က လမ်းခွဲရတဲ့ အကြောင်းတွေကို ဘယ်လိုနားလည်လာမလဲ? သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ပြန်ချစ်သွားမိကြမလား? ရှင်းယွီရဲ့idolတစ်ယောက်အဖြစ် အောင်မြင်ကျော်ကြားမှုကို ခြိမ်းခြောက်ခြင်းတွေ ရှုံးနိမ့်မှု တွေ ကို မကြည့်တော့ဘဲ သူတို့အချစ်တွေကိုဘဲ အသီးသီး ရွေးချယ်ကြမလား? သူတို့အချစ်တွေကို ရင်ထဲမှာဘဲ အမြဲ သိမ်းထားကြမလားဆိုတာကို ဒီဇာတ်ကားလေးထဲမှာပဲ စီးမြောခံစားလိုက်ကြရအောင်နော် ....

Rating အနေနဲ့ကတော့ IMDB မှာ 5.2/10 ရ ရှိထားပါတယ် ... rating နည်းတယ်ပြောလို့ရပေမဲ့ တကယ်ကောင်းတယ့် ကားလေးတစ်ကား ဖြစ်မယ်ဆိုတာကိုတော့ အာမခံပါရစေဗျာ ...

Country : China
Type : Movie
Genre : Romance , Youth , Comedy , Life
Translator : Stitchky Shun
Encoder : LoL
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. YGN HD Data Sotre - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger