Gold Channel မှကြိုဆိုပါတယ် ရွှင်လန်းချမ်းမြေ့ကြပါစေ

Creepy (2016)


Creepy 2016
ဒီကားလေးဟာ Rating 6.4/10အထိ ရရှိထားပြီး ဆုတွေနဲ့ သိမ်းပိုက်ထားတဲ့ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အရယူနိုင်ခဲ့တဲ့ လျှိုဝှက်သည်းဖိုဆန်ဆန် အတွေးတွေနဲ့ကျန်နေခဲ့မယ့် ဇာတ်ကားကောင်းလေးပါ....

ကွင်းဆက်လူသတ်သမားတစ်ယောက်အကြောင်းရိုက်ကူးထားတဲ့ ဂျပန်ဇာတ်ကားလေးပါ

Creepy ဆိုတဲ့နာမည်နဲ့ လူသတ်ကားဆိုပေမယ့် အရမ်းကြောက်စရာကောင်းတဲ့horror ပုံစံ မဟုတ်ပါဘူး စိတ္တဇ ဆန်ဆန်လူတွေတစ်ယောက်ပြီးတစ်ယောက်သတ်ကာ ပုံမှန်လူလိုပဲဟန်ဆောင်နေနေတဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်အကြောင်းကို စိတ်ဝင်စားစရာကောင်းအောင် ရိုက်ကူးပြထားတာပါ ...

ရဲအမှုအခင်းကိစ္စကြောင့်ဒါဏ်ရာပြီး အလုပ်ထွက်ကာ ကျောင်းမှာပဲ စာသင်နေတဲ့စုံထောက်ဟောင်းတစ်ယောက် Takakura .....

လူတွေသတ်ပြီး သာမန်လူလို ပိပိရိရိ ဟန်ဆောင်ကာ နေထိုင်နေတဲ့ Nishino .....

စုံထောက် Takakura နဲ့ လူသတ်သမား Nishino အိမ်နီးချင်းတွေ ဖြစ်သွားကြပြီး စုံထောက်ရဲ့ဇနီးကို လူသတ်သမားက ဘယ်လိုမြူဆွယ်လိုက်သလဲ....

ဇနီးဖြစ်သူက လူသတ်သမားဘက်တော်သားဖြစ်သွားသောအခါ စုံထောက်ဟောင်းကြီး ဘယ်လို ဘယ်ပုံ ဖြေရှင်းမှာလဲ....ဆိုတာကိုအသက်ရှုဖို့မေ့လောက်အောင် စိတ်ဝင်စားစရာကောင်းလို့ ကြည့်စေချင်ပါတယ်နော် 😃😃😃😃

ပရိသတ်ကြီးလည်း စိတ်ဝင်စားမှုအပြည့်နဲ့ အားပေးမယ်လို့ ထင်ပါတယ်ဗျာ.... 😃😃😃

Reviewed & Translated by -Khine Zarchi Kyaw
Encoded by Hein Min Htet
Bluray 720p
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. YGN HD Data Sotre - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger