Gold Channel မှကြိုဆိုပါတယ် ရွှင်လန်းချမ်းမြေ့ကြပါစေ

Warrior 2011



အရက်စွဲရာက ပြန်လည်နာလန်ထနိုင်ဖို့ ကြိုးစားနေတဲ့ Paddy Conlon (Nick Nolte) ဆီကို နှစ်ပေါင်းများစွာက ခွဲခွာသွားပြီး သူ့ကို စိတ်နာနေခဲ့တဲ့ မရိန်းတပ်သားဟောင်းဖြစ်တဲ့ Tommy Riordan(Tom Hardy) ရောက်လာပြီး

ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲ သမိုင်းမှာ ဆုကြေး အမြင့်ဆုံး ဖြစ်တဲ့ “စပါတာ”ဆိုတဲ့ပြိုင်ပွဲကို ဝင်ပြိုင်ဖို့အတွက် လေ့ကျင့်ပေးဖို့တောင်းဆိုလာပါတယ်။

Paddy တစ်ယောက် သားဖြစ်သူကို ပြိုင်ပွဲဝင်ဖို့လေ့ကျင့်ပေးရင်း နွေးထွေးတဲ့ဆက်ဆံရေး ပြန်ရဖို့ကြိုးစားပါတော့တယ်

Paddy မှာ Tommy လိုပဲ သူ့ကို အသိအမှတ်မပြုပဲ စိတ်နာနေတဲ့ Brendan Conlon (Joel Edgerton) ဆိုတဲ့ MMA ကစားသမား ဘဝကနေ အနားယူပြီး ကျောင်းဆရာလုပ်နေတဲ့ အိမ်ထောင်သည်သားတစ်ယောက်ရှိပါတယ်။

Brendan ရဲ့ သမီးငယ်လေးအတွက် နှလုံးရောဂါကုသစရိတ်ကြောင့် သူတို့မိသားစုရဲ့ အိမ်ကို ဘဏ်ကသိမ်းဖို့ အခြေအနေတစ်ခုကြုံနေရပြီး အဲဒီပြသနာကို ဖြေရှင်းဖို့ Brendan ကလည်း “စပါတာ”ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ပါတော့တယ်။

ဒီလိုအဖုအထစ်တွေရှိတဲ့ သူတို့သားအဖ သုံးယောက် “စပါတာ(MMA)” ပြိုင်ပွဲမှာ ဘယ်လိုတွေဆက်ပြီး ဖြစ်ပျက်ကြမလဲ ပြိုင်ပွဲမှာ ဘယ်သူက ဘယ်လိုအနိုင်ရသွားမလဲဆိုတာကတော့………

Mixed Martial Art(MMA) ဇာတ်ကားတစ်ကား ဖြစ်တဲ့ Warrior ဇာတ်ကားမှာ အမိုက်စား တိုက်ခိုက်ထိုးသတ်မှုတွေကို အားပါးတရ ကြည့်ကြရမှာပါ။ ဒါပေမယ့် ဒီဇာတ်ကား ရဲ့ Themes က အဲဒီထက်ပိုပါတယ်။

မိသားစု တစ်ခုကို ပြိုကွဲပျက်စီးသွားစေနိုင်တဲ့ အရက်စွဲမှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ မေ့ပျောက်ဖို့ ခဲယင်းတဲ့ ကလေးဘဝရဲ့ စိတ်ဒဏ်ရာ၊ ခွင့်လွှတ်အနစ်နာခံမှု၊ ညီအကိုချင်း မေတ္တာ၊ သားသမီးအပေါ်ထားရှိတဲ့ အဖေတစ်ယောက်ရဲ့ မေတ္တာ တရား၊ မိသားစုအတွက် ဘာမဆို ရင်ဆိုင်တိုက်ခိုက်မယ် ဆိုတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့ အားမာန် စသဖြင့် … စသဖြင့် ဖော်ညွှန်းထားတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။

ကြည့်လို့တန်တဲ့ ဇာတ်ကားကောင်း တစ်ကားမို့ CM ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ရပါတယ်ဗျာ။

(ဒီဇာတ်ကားရဲ့အညွှန်းနဲ့ခံစားဘာသာပြန်ထားသူကတော့ Kaung Thant Sin ပဲဖြစ်ပါတယ်….)
File size…(1.1 GB )
Quality…BluRay 720p
Format…mp4
Duration….02:19:54
Subtitle….Myanmar Subtitle (Hardsub)
Translator…Kaung Thant Sin
Encoder….Moe Myint Lwin
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. YGN HD Data Sotre - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger