Gold Channel မှကြိုဆိုပါတယ် ရွှင်လန်းချမ်းမြေ့ကြပါစေ

Take Me Home

Take me home (2016)

အက်စီးဒန့်တစ်ခုကြောင့် (၁၀)နှစ်လောက် အတိတ်မေ့သွားခဲ့ရတဲ့ တန် (Mario Maurer) ဟာ ပြန်သတိရလာချိန်မှာ သူ့နာမည်ကလွဲပြီး သူဘယ်လူလဲဆိုတာကို မသိတော့ပါဘူး။ ဒါကြောင့် ဆေးရုံတစ်ခုမှာ အလုပ်လုပ်နေရင်း သူ့ကိုယ်သူ ဘယ်သူလဲဆိုတာသိရဖို့ ကြိုးစားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သဲလွန်စတစ်ခု တွေ့သွားခဲ့ပြီး သူ့အိမ်ကို ပြန်လာနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တန်အနေနဲ့ "မင်းဒီကထွက်တာနဲ့ ဘယ်တော့မှ ပြန်လာနိုင်မှာ မဟုတ်ဘူး" ဆိုတဲ့ ရှေ့ဖြစ်ဟောသူကြီးရဲ့ စကားကိုတော့ နားထောင်ခဲ့သင့်ပါတယ်။ ဘာကြောင့်ဆို သူ့မိသားစုအကြောင်း ပိုသိလာရလေလေ ထိတ်လန့်ကြောက်ရွံ့စရာတွေ ကြုံတွေ့လာရလို့ပါ။ ဒီအကြောက်တရားထဲက ရုန်းထွက်တိုင်း အခါခါ ပိတ်မိနေခဲ့ရတဲ့ နောက်မှာတော့...

"Take Me Home" ဟာ ဒါရိုက်တာ Kongkiat Komesiri ရဲ့ ပထမဆုံး Horror ကားဖြစ်ပေမဲ့လည်း အကောင်းဆုံး ရိုက်ကူးနိုင်ခဲ့ပါတယ်။ Pee Mak ဇာတ်ကားနဲ့ မြန်မာပရိသတ်တွေကြား နာမည်ကြီးလာခဲ့တဲ့ ထိုင်းမင်းသားချော Mario Maurer က ဒီကားမှာလည်း သူ့ရဲ့ဇာတ်ကောင်စရိုက်နဲ့ အံဝင်ခွင်ကျစွာ အကောင်းဆုံး သရုပ်ဆောင်ထားပြီး ကြည့်ရတာ ရင်တဖိုဖိုနဲ့ ကျေနပ်အားရမှု အပြည့်ရရှိစေမှာ ဖြစ်ပါတယ်။

IDMb မှာလည်း Horror တစ်ကားအတွက် တော်တော်မြင့်တဲ့ Rating ဆိုရမယ့် 6.3 အထိ ရရှိထားတဲ့အပြင် ထိုင်းရုပ်ရှင်ဝေဖန်ရေးသမား အများစုကလည်း Rating (၅)မှတ်မှာ (၄)မှတ်အထိပေးထားတဲ့ကား ဖြစ်တာကြောင့် Horror ရုပ်ရှင်ကောင်းကောင်း ကြိုက်နှစ်သက်သူတွေအနေနဲ့ လက်လွတ်မခံဘဲ ကြည့်ရှုဖို့ သတိပေးလိုက်ပါရစေ။

Substitle by Bg Trading Mynmar(very Thank)
Review by Phyoe Ko Ko
Translate by Hnin Hnin
Encoded by Hein Min Htet
Quality -Dvdrip 540p
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. YGN HD Data Sotre - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger