Gold Channel မှကြိုဆိုပါတယ် ရွှင်လန်းချမ်းမြေ့ကြပါစေ

Storks (2016)



ဟိုးအရင်တုန်းက ကလေးမရနိုင်တဲ့သူတွေ ဆုတောင်းရင် သို့မဟုတ်

ကလေးငယ်တွေက ညီလေး ညီမလေးတွေလိုချင်တယ်လို့

ဆုတောင်းခဲ့မယ်ဆိုရင် ငှက်ကြားဖြူ တွေဟာ ကလေးငယ်တွေကို

နှုတ်သီးဖြင့် သယ်ယူလာပြီး အိမ်ခေါင်းတိုင်မှ ဖြစ်စေ

အိမ်ရှေ့တံခါးမှ ဖြစ်စေ ပို့ပေးဖူးတယ်လို့ ပုံပြင်တွေထဲမှာ ရှိခဲ့ဖူးပါတယ်….

ဒါပေမယ့် အဲ့ဒါတွေဟာ ယနေ့ခေတ်မှာ ပျောက်ကွယ်သွားပါပြီ ငှက်ကြားဖြူတွေဟာ အလုပ်ရှုပ်ပြီး တာဝန်ကြီးတဲ့

ကလေးပို့တဲ့ အလုပ်တွေ မလုပ်တော့ပါဘူး Online Shopping လုပ်ငန်းက ပစ္စည်းတွေကို ပို့ပေးတဲ့ Stork.comက

ပစ္စည်းပို့ဆောင်ရေး ငှက်တွေ ဖြစ်ကုန်ကြပါပြီ 😀

ထိုငှက်တွေ အားလုံးကို အုပ်ချူပ်တဲ့သူကို Boss လို့ ခေါ်ကြပြီး သူတို့ အားလုံးရဲ့ Boss ဟာ

ဟန်တာ ဆိုတဲ့ ငှက်ကြားဖြူကြီး ဖြစ်ပါတယ်….

ငှက်ကြားဖြူ အားလုံးထဲမှာ မှ FA ဖြစ်ပြီး အလုပ်ကြိုးစားတဲ့ သူကတော့ ဂျူနီယာ လို့ခေါ်တဲ့ ငှက် ပါ

သူဟာ သံယောဇဉ် တွယ်စရာမရှိပဲ အလုပ်ကို တာဝန်အကျေဆုံး ထမ်းဆောင် တက်သူ ဖြစ်ပြီး အမိန့်လဲ လိုက်နာတက်သူပါ

တစ်ရက်မှာတော့ ဂျူနီယာကို ဘော့စ် ဖြစ်သူ ဟန်တာ မှ ရုံးခန်းအတွင်း ခေါ်ရောက် တွေ့ဆုံပြီး ဂျူနီယာ သည်

အလုပ်ကြိုးစားသူ ဖြစ်သော ကြောင့် ဘော့စ် နေရာတွင် တာဝန်ထမ်းဆောင်စေမည် ဖြစ်ပြီး သူတို့ဆီတွင်

ပို့ရမည့် လိပ်စာပျောက်ပြီး ငယ်စဉ်ကတည်းက သောင်တင်နေသော မိဘမဲ့ ကလေး ကျူးလစ် ကို နှင်ထုတ်ပစ်ရန်

တာဝန်ကိုပါ ပူးတွဲပေးလိုက်ပါတယ် အဓိပ္ပါယ်ကတော့ ဂျူနီယာ သည် ကျူးလစ်အား နှင်ထုတ်နိုင်ပါက

ဘော့စ် နေရာကို ရမှာ ဖြစ်ပါတယ်…

အမိန့်လိုက်နာတက်သော်လဲ သနားကြင်နာတက်သော ဂျူနီယာ တစ်ယောက် Stork.com တွင် အပိုအရှုပ်ထုပ်ဖြစ်ပြီး

ဘာမှ မယ်မယ်ရရ သုံးစား မရသော မိဘမဲ့ ကလေး ကျူးလစ်အား ဘယ်လို နှင်ထုတ်မလဲ ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့

ဆက်လက်ကြည့်ရှုလိုက်ကြပါ….

ဒီကားကို ဘာသာပြန်ပေးထားသူကတော့ CM Translator တစ်ဦး ဖြစ်သူ Bro Chan ပဲ ဖြစ်ပါတယ်…

(သစ်ဆန်းခန့်)
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. YGN HD Data Sotre - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger