Gold Channel မှကြိုဆိုပါတယ် ရွှင်လန်းချမ်းမြေ့ကြပါစေ

Spectral (2016)



IMDb : 6.4
Rotten Tomatoes : 80%
How you can stop if you can’t see the enemies are coming?
“ရန်သူတွေ လာနေတာ မမြင်ရရင် မင်းဘယ်လို တားဆီးမလဲတဲ့”။ ခုတလော သည်းထိတ်ရင်ဖိုအက်ရှင်ကားတွေကို တင်ဆက်တဲ့နေရာမှာ အလွန်ကျော်ကြားနေတဲ့ Netflix ရဲ့ Scifi-Thriller ဟာ နာမည်ကြီး အက်ရှင်ဂိမ်းတစ်ခုဖြစ်တဲ့ Gears of War ကို ဂြိုလ်သားတွေနဲ့ ပေးတွေ့လိုက်ပါပြီ။ Pacific Rim တို့ Battleship တို့လိုပဲ သဘာဝလွန်စွမ်းအားတွေရှိတဲ့ တခြားကမ္ဘာက ဂြိုလ်သားတွေနဲ့ အသေအကြေ တိုက်ခိုက်ရတဲ့ အကြောင်းရိုက်ကူးထားတဲ့ Spectral ကို သိပ္ပံကား၊ စစ်ကားဝါသနာအိုးတွေသာမက သည်းထိတ်ရင်ဖိုကြိုက်တဲ့ ပရိတ်သတ်များကပါ ချီးကျူးကြပါတယ်။ ဂိမ်းဝါသနာအိုးတွေအတွက်တော့ မကြည့်မိရင် သူများနောက်ကျန်ခဲ့နိုင်ပါတယ်။ ဇာတ်လမ်းကတော့ ကမ္ဘာမြေကို ကျူးကျော်ဝင်ရောက်လာတဲ့ ဂြိုလ်သားတွေကို သူသေကိုယ်သေပြန်တိုက်ပေးရတဲ့ special operation တပ်သားတွေရဲ့ တိုက်ပွဲတစ်ခုအကြောင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲလိုရိုးရှင်းတဲ့ စစ်ကားတစ်ကားကို ဆွဲဆောင်ထားတာကတော့ သူတို့တိုက်ခိုက်တဲ့ နည်းဗျူဟာတွေ၊ သုံးတဲ့ လက်နက်ဆန်းတွေနဲ့ ဂြိုလ်သားတွေရဲ့ သဘာဝလွန်စွမ်းအားတွေ ဖြစ်ပါတယ်။ စစ်ကားဆို သိပ်မကြိုက်တဲ့ သူတောင် Trailer ကြည့်လိုက်တဲ့အချိန်မှာ မျှော်လင့်သွားမိမှာ သေချာတာမို့ ဇာတ်ကားကောင်းတစ်ကားဖြစ်ကြောင်း လက်တို့လိုက်ရပါတယ်။

Review by Waiyan Philip
Translator by Hnin Hnin
Encoded by Hein Min Htet
Quality-bluray 720p
size-770mb
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. YGN HD Data Sotre - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger