Gold Channel မှကြိုဆိုပါတယ် ရွှင်လန်းချမ်းမြေ့ကြပါစေ

Millions 2004



ဒီ မီလီယမ် ဆိုတဲ့ကားလေးကတော့ 2004 ခုနှစ်က ထွက်ခဲ့တဲ့ IMBD rating 7 ထိ ရရှိထားတဲ့ ဒရာမာကားကောင်းလေးတစ်ကားပါ… ဇာတ်ကားရဲ့ အဓိက ဇာတ်ကောင်ကတော့ ဒမ်မီယမ်ဆိုတဲ့ ကလေးလေးတစ်ယောက်ပါ.. ဇာတ်လမ်းအကျဉ်းကတော့.. တစ်ရက်မှာ ဒမ်မီယမ်ရယ် သူ့အဖေရယ် သူ့အစ်ကိုတို့ရယ်ဟာ အိမ်ပြောင်းလာခဲ့ကြပါတယ်.. ဒမ်မီယမ်လေးဟာ အရွယ်နဲ့မလိုက်အောင် ဘာသာရေးကို ယုံကြည်ပြီး အလှူအတန်းရက်ရောတတ်တဲ့ စိတ်ဓာတ်လေးရှိပါတယ်.. တစ်ရက်မှာ သူနေနေကျ မီးရထားလမ်းဘေးက နေရာလေးပေါ်ကို ငွေတွေ မီလီယံချီ ပါတဲ့ ငွေအိတ်ကြီးတစ်အိတ်ကျလာခဲ့တယ်.. ရိုးသားတဲ့ ဒမ်မီယမ်လေးဟာ ဘုရားသခင်က သူ လှူဒါန်းဖို့အတွက်ပေးခဲ့တာ လို့ပဲ ထင်နေခဲ့ပါတယ်.. ငွေအိတ်အကြောင်းကို သူ့အစ်ကိုကိုသာ ပြောပြခဲ့ပါတယ်.. နောက်ပိုင်းမှာ ဒမ်မီယမ်လေးဟာ ရောက်တဲ့နေရာတိုင်း ဆင်းရဲသားတွေကို ငွေတွေပုံအောပြီး ပေးနေခဲ့ပါတယ်.. ဒီလိုနဲ့.. တစ်နေ့မှာ ငွေအိတ်ကြီးက သူထင်သလို ဘုရားသခင်ကပေးခဲ့တာမဟုတ်ပဲ.. ဓားပြတစ်ယောက်ရဲ့ ခိုးရာပါအိတ်ဖြစ်နေတဲ့အခါမှာတော့… … .. ဇာတ်လမ်းလေးက ရိုးမလိုနဲ့ ခပ်ဆန်းဆန်းလေးပါ.. ဘာသာပြန်ရင်းတောင် သဘောကျရပါတယ်.. ဒီဇာတ်လမ်းလေးရဲ့ အဓိက message လေး ကတော့ လောကမှာ ပိုက်ဆံတွေဟာ လူတွေပျော်ရွှင်မှုထက် အရေးပါရဲ့လားဆိုတာကို ပြောပြထားတာဖြစ်ပါတယ်.. ဘာသာရေးတွေကိုလည်း ဦးစားပေးထားတာတွေ့ရပါတယ်.. CM ပရိသတ်တွေ အကြိုက်တွေ့စေမဲ့ ကားကောင်းလေးတစ်ကားပါ..
File Size : 650
Duration : 1: 34: 18
Quality : Bluray rip
Translator : Bo Phway
Encoder : Littleneo
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. YGN HD Data Sotre - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger