Gold Channel မှကြိုဆိုပါတယ် ရွှင်လန်းချမ်းမြေ့ကြပါစေ

London Boulevard (2010)




IMDb (6.2/10)
မင်းသား ကောလင်းဖာရဲလ်နဲ့ မင်းသမီး ကီရာနိုက်တလေ တို့အဓိကပါဝင်ထားတဲ့ Crime , Drama အမျိုးအစား ဇာတ်ကားဖြစ်ပါတယ်။
Mitch အဖြစ်သရုပ်ဆောင်ထားတဲ့ Colin Farrell ဟာ Pentonville အကျဉ်းထောင်ကနေ လောလောလတ်လတ် ထွက်လာသူပါ။
ရိုးရိုးသားသားပဲ ဘဝကို ဖြတ်သန်းတော့မယ်ဆိုတဲ့ စိတ်ကူးတွေ အပြည့်နဲ့ပေါ့။
ဒါပေမယ့် ရုတ်တရက်ဆိုသလိုပဲ ကျွန်တော်တို့ရဲ့ ပြစ်ချက်တွေနဲ့ သူရဲကောင်းကြီးဟာ
ရွေးချယ်ရခက်တဲ့ အနေအထားတစ်ခုထဲကို အမှတ်မထင်ရောက်ရှိသွားပါတယ်
Mitch တစ်ယောက် သူ့ရဲ့ရည်ရွယ်ရင်းကနေ သွေဖယ်ပြီး
အကြမ်းဖက်မှုတွေ ပြည့်နှက်နေတဲ့ ဒုစရိုက်အမှောင်လောကထဲကို ပြန်ဆွဲသွင်းခံရသင့်သလား…
ဒါမှမဟုတ် Keira Knightley သရုပ်ဆောင်ထားတဲ့ ခပ်ပျော့ပျော့ စူပါစတား ကောင်မလေး Charlotte ရှေ့မှာ
မားမားမတ်မတ်ရပ်တည်ပေးပြီး ပါပါရာဇီတွေရန်ကနေ ကာကွယ်ပေးရမယ့် သတ္တိခဲကိုယ်ရံတော်ပဲ ဖြစ်သင့်သလား..
ကောင်မလေးအတွက် အသက်ကိုပေးဆပ်ပြီးကာကွယ်ရမယ့် သူရဲကောင်းကြီး ဖြစ်လာသင့်သလား…ဆိုတာကို
ပရိသတ်ကြီးက ဆက်လက်ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ Ken Bruen ရဲ့ဝတ္ထု London Boulevard ကိုအခြေခံပြီး ဒါရိုက်တာ William Monahan ကရိုက်ကူးထားတာဖြစ်ပါတယ်။
ဇာတ်ကားရဲ့ အစပိုင်းမှာ တကယ်ကောင်းတဲ့ အိုင်ဒီယာတွေ စိတ်ဝင်စားဖွယ်အရာတွေနဲ့ အားစိုက်ထားတာ တွေ့ရပြီး
နောက်ပိုင်း အကြမ်းဖက်ခန်းတွေကတော့ အနည်းငယ် ငြီးငွေ့ဖို့ကောင်းတယ်လို့ ပြောကြပါတယ်။
ဒါပေမယ့် ဂန္တဝင်ဆန်ဆန် Charlotte ရဲ့ အကျင့်စရိုက်တွေကို Mitch ရဲ့ခပ်ကြမ်းကြမ်း ကာရိုက်တာနဲ့ ပေးထိတွေ့ထားပုံက
တမျိုးတဖုံ စိတ်ဝင်စားဖွယ်ကောင်းနေခဲ့ပါတယ်။
ဗြိတိန်ရဲ့ Classic ဆန်တဲ့ အငွေ့အသက် တချို့ကို အကြမ်းဖက်မှုတွေနဲ့ ပေါင်းစပ်ထားပုံကလည်း ဘာမှန်းမသိတဲ့ ရသတစ်ခုကို ပေးစွမ်းစေနိုင်ခဲ့ပါတယ်။
ခံစားကြည့်ပါဦး။
(ရုပ်ရှင်အညွှန်းကို seniroKaung မှရေးဆက်ထားပါတယ်။)
Credit To : www.channelmyanmar.org
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. YGN HD Data Sotre - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger