Gold Channel မှကြိုဆိုပါတယ် ရွှင်လန်းချမ်းမြေ့ကြပါစေ

Jeepers Creepers 2 (2003)



IMDb : 5.6
ကျောင်းသားလက်ရွေးစင်အားကစားအဖွဲ့တစ်ဖွဲ့ ပြိုင်ပွဲပြီးလို့ အိမ်ပြန်လာကြစဉ် ကားဘီးပေါက်သွားသဖြင့် လမ်းမှာ ခဏရပ်နားလိုက်ရသည်။ ၄င်းတို့မသိသေးသည့် အကြောင်းမှာ ယင်းနေရာသည် လူပေါင်းများစွာ ဆန်းကြယ်စွာ အသတ်ခံလိုက်ရပြီး အလောင်းများပျောက်နေသည့် အဖြစ်ဆိုးများ ဖြစ်နေခြင်းပင်။ သူတို့၏ ကားဘီးပေါက်သည့် အခြေအနေမှာပင် ပုံမှန်မဟုတ်ဘဲ တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိဖြင့် ဖောက်နေမှန်း သိသွားကြပြီးနောက် လက်သည်သည် သာမန်လူတစ်ယောက်မဟုတ်ဘဲ မိစ္ဆာကြီးတစ်ကောင်ဖြစ်နေမှန်း သိသွားကြသည့်အခါ…။
Jeepers Creepers 2 သည် ၂၀၀၁ ခုနှစ်တွင် နာမည်ကြီးခဲ့သော လူသားစား ငှက်တစ်ပိုင်း လူတစ်ပိုင်း မိစ္ဆာကောင်ကြီး၏ ဇာတ်လမ်းအဆက်မဟုတ်ဘဲ ကွဲပြားသော သီးသန့်ဇာတ်အိမ်တစ်ခုဖြစ်သည်။ လူငယ်သရုပ်ဆောင်များပါဝင်သော်လည်း ပေါ့ပျက်ပျက်ဖြစ်မနေဘဲ ပုံမှန်လူသတ်သမားဇာတ်ကားများနှင့် ခြားနားသည့် ခြောက်ချားဖွယ် နောက်ခံတီးလုံးများ၊ ရင်တမမ ကြည့်ရမည့် စွန့်စားခန်းများဖြင့် စိတ်ဝင်စားဖွယ်ကောင်းလှသည်။ တစ်ခုပဲ သတိပေးချင်ပါသည်။ ညလုံးပေါက်ကားစီးရမည့်သူများ သည်ကားကို မကြည့်ကြပါနှင့်။ (ပြောလည်း ကြည့်မှာပါပဲ)

Translate by: Phoo Phoo
Review & Encode by: Waiyan Philip
Quality -720P HD
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. YGN HD Data Sotre - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger