Gold Channel မှကြိုဆိုပါတယ် ရွှင်လန်းချမ်းမြေ့ကြပါစေ

It's eat(2016)




အချက်အပြုတ်မှာတော်တဲ့ စားဖိုမှူးDai Hung ဟာ အစားအသောက်ရဲ့အရည်သွေးကိုသာအဓိကထားတဲ့ အတွက် Ah Yone Cafe ရဲ့ ကြက်ဆီထမင်းက နှစ်အဆက်ဆက်တိုင်မူလ အရသာမပြောင်းဘဲ နာမည်ကြီးခဲ့ပါတယ်။ တစ်နေ့ မှာတော့ Ah Yone Cafe ရဲ့ ပိုင်ရှင်သူဋ္ဌေးက သူ့ ရဲ့ ရောဂါအခြေနေကြောင့် ဆိုင်ကို လက်လွှဲဖို့  နိုင်ငံခြားမှာစာသင်နေတဲ့ သူ့သမီး Rosemary ကိုပြန်ခေါ်လိုက်ပါတယ်။ ပြည်ပ ခေတ်အမြင်တွေနဲ့ Rosemary ပြန်ရောက်တော့ Ah Yone Cafe ကို အစားသောက်မျိုးစုံတက်ပီး စနစ်သစ်နဲ့ ခေတ်မီတဲ့ စားသောက်ဆိုင်အဖြစ်ပြောင်းလဲဖို့ ကြိုးစားပါတော့တယ်။ အဲ့ဒီချိန်မှာ အရည်သွေးနဲ့ အရသာကိုအဓိကထားတဲ့ Dai Hung နဲ့ဆိုင်အမြတ်ရဖို့  ကြံစည်နေတဲ့ Rosemary တို့ ရဲ့ ထိပ်တိုင်ရင်ဆိုင်မှုတွေကို ဟာသနှောပီး တွေ့ရမှာဖြစ်ပါတယ်။ စားသောက်ဆိုင်မှာ သဘောထားကွဲနေစဉ် facebook စာမျက်နှာမှာ Ah Yone Cafe ရဲ့ ညံ့ဖျင်းလာတဲ့အရည်သွေးနဲ့ အရသာအကြောင်း food review ကို Michelin ဆိုတဲ့သူက ရေးလိုက်တဲ့အခါ ဆိုင်မှာ စားသုံးသူတစ်ယောက်တောင်မလာတော့ပါဘူး။ ဒီလိုပြသာနာကို သဘောထားမတူတဲ့ Dai Hung နဲ့ Rosemary တို့  ဘယ်လိုဖြေရှင်းကြမလဲ Ah Yone Cafe ကိုရောစားသုံးသူတွေပြန်လာဦးမလား ပီးတော့ Michelin ကိုဘယ်လိုရင်ဆိုင်ကြမလဲ ဆိုတာ Let's Eat မှာ ရယ်ရယ်မောမောနဲ့ ကြည့်ရဦးမှာပါ :)

review & translated by Seint They Htar Aung
Encoded by Hein Min Htet
quality - bluray 720p
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. YGN HD Data Sotre - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger