Gold Channel မှကြိုဆိုပါတယ် ရွှင်လန်းချမ်းမြေ့ကြပါစေ

Hot Shot (1991)




တွမ်ခရုစ်ရဲ့ Top Gun ကို ပြောင်ထားတဲ့ Hot Shot! (1991) ဟာ 90’s Kid တွေကြားမှာတော့ အလွန်ရေပန်းစားခဲ့တဲ့ စွန့်စားခန်း ဟာသဇာတ်ကားတစ်ခု ဖြစ်ပြီး Police Acamedy လိုမျိုး ရှားရှားပါးပါး စစ်ကားဟာသဇာတ်မြူးလည်း ဖြစ်ပါတယ်။ Hot Shot အလွန်အောင်မြင်ခဲ့တဲ့အတွက် နောက်ဆက်တွဲ Hot Shot! Part Deux (1993) ဆိုပြီး ရမ်ဘိုကို ပြောင်ထားတဲ့ ရုပ်ရှင်လည်း ထပ်ထွက်ခဲ့ပါသေးတယ်။ ဟာသအက်ရှင် ဆိုတဲ့အတိုင်း အက်ရှင်ခန်းတွေမှာ အလွဲလွဲ အချော်ချော်နဲ့ ကမောက်ကမ ဖြစ်တာတွေကို ပွဲကျအောင် ဟားရမှာ ဖြစ်ပါတယ်။ ငယ်ငယ်တုန်းက ကြည့်ဖူးတဲ့ ဇာတ်ကားကောင်းများကို သိမ်းဆည်းထားချင်သူများအတွက်လည်း ကိုကျော်ဝင်းသူက စကားလုံးတစ်လုံးချင်းစီကအစ သေချာဘာသာပြန်ပေးထားတာမို့ ဇာတ်ကားရဲ့ အရသာကို အပြည့်အ၀ခံစားနိုင်မှာ ဖြစ်ပါတယ်။
ဇာတ်လမ်းကို မှတ်မိချင်ရင်တော့ အစဖော်ပေးမယ်နော်။ တော့ပါးဟာလေးက ထိပ်တန်းလေသူရဲတစ်ဦးဖြစ်ပြီး အမေရိကန်လေတပ်က သူ့ကို ဆက်ဒန်ဟူစိန်ရဲ့ နျူကလီးယားဗုံးစက်ရုံကို ဖျက်ဆီးပေးဖို့ တာဝန်ပေးလိုက်ပါတယ်။ အမြဲတလွဲတွေ ဖြစ်တတ်တဲ့ တော့ပါးတစ်ယောက် ကြီးမားတဲ့ သူ့တာဝန်ကို ဘယ်လိုများပြီးအောင် ဆောင်ရွက်မှာလဲဆိုတာကိုတော့…။
Review by: Waiyan Philip
Translate by: Win Kyaw Thu
Encode by: Waiyan Philip
Quality -720P HD
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. YGN HD Data Sotre - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger