Gold Channel မှကြိုဆိုပါတယ် ရွှင်လန်းချမ်းမြေ့ကြပါစေ

Bachelor Night (2014)


Bachelor Night (2014)
ဒါးရက်ခ်နဲ့ အမန်ဒါတို့ဟာ သန်ဆဲမြန်ဆဲဖျတ်လတ်ဆဲ လူငယ်စုံတွဲတစ်တွဲပါ။ ဒါပေမဲ့ မိန်းကလေးဖြစ်သူ အမန်ဒါက သူ့ချစ်သူ ဒါးရက်ခ်ရဲ့ ချစ်မှုရေးရာ ကျွမ်းကျင်မှုတွေအပေါ် လုံးဝစိတ်ကျေနပ်မှုမရှိဘဲ ဖြစ်နေပါတယ်။ ဒါးရက်ခ်ဟာ လူငယ်တစ်ယောက်ပေမဲ့ ချစ်သူကျေနပ်အောင် မစွမ်းနိုင်တော့ အခက်တွေ့နေရတာပေါ့။

တစ်ညမှာတော့ ဒါးရက်ခ်ရဲ့ သူငယ်ချင်းတသိုက်ဟာ ဗီးဂတ်စ်မြို့မှာ ကျင်းပမယ့် ဘတ်ချလာနိုက် ပါတီပွဲတစ်ပွဲကို တက်ရောက်ဖို့ လာခေါ်ပါတယ်။ ချစ်သူဖြစ်သူ အမန်ဒါကလည်း ဒါးရက်ခ်ကို သူငယ်ချင်းတွေနဲ့ လိုက်သွားဖို့ လိုလိုလားလားနဲ့ ခွင့်ပြုလိုက်ပါတယ်။

အဲဒီပါတီပွဲမှာ ကက်ဆီဆိုတဲ့ ခေတ်မီပွင့်လင်းလှပတဲ့ ခပ်လန်းလန်း ကောင်မလေး ဦးဆောင်တဲ့ မိန်းမပျိုလေးတသိုက်နဲ့ တွေ့ဆုံခဲ့တဲ့နောက်မှာတော့ ...

နဂိုကတည်းကမှ ချစ်သူအပေါ်တောင် မစွမ်းနိုင်တဲ့ ဒါးရက်ခ်နဲ့ သူငယ်ချင်းတွေ ချစ်မှုရေးရာတွေနဲ့ ပတ်သက်ပြီး ကက်ဆီတို့တွေနဲ့ ဘာတွေအလွဲတွေ ကြုံရမလဲ .. ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာ ..

ပုရိသများအကြိုက် ရင်ခုန်စိတ်လှုပ်ရှားစရာ ဇာတ်ဝင်ခန်းတွေအပြင် တသောသောရယ်ရမယ့် ဟာသပြကွက်တွေပါ ပါဝင်တဲ့ Bachelor Night ဇာတ်ကားကို ရင်တုန်လှိုက်မောပျော်ရွှင်စွာကြည့်ရင်း အဖြေရှာကြည့်လိုက်ပါခင်ဗျာ။ 😜

Review by Phyoe Ko Ko
Translate by Zayyar Moe
Encoded by Hein Min Htet
Quality -bluray 720p
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. YGN HD Data Sotre - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger